COVID-19 အတည်ပြုလူနာ အသစ် ၃၈၃ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, January 25, 2021

COVID-19 အတည်ပြုလူနာ အသစ် ၃၈၃ ဦး တွေ့ရှိ

ကမ္ဘောဇတိုင်း

.

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၃၈၃ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၇  ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.

.

ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၉၀ ခုတွင် COVID-19 ပိုးတွေ့လူနာမရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး) မှ ထုတ်ပြန်ထားသည်။

.

ထို့အတူ ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဇန်နဝါရီလ ၂၄ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၂၅ ရက် ​နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​​​​၂ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်ဝါရီလ ၂၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၇၉၅၇ ဦး ရှိကာ၊ ယင်းအနက် ၃၀၆၉ ဦး သေဆုံး၍ ၁၂၂၁၁၆ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats