COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၆၄၇ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၂၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၅ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ထားပြီး ယင်းအနက် ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၂ ဦး ပါဝင်ကြောင်း သိရသည်။
.
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၄၈ ခုအနက် တောင်ကြီးမြို့နယ်မှ ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ ၄ ရက်၊ နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၅ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် တောင်ကြီးမြို့နယ်၌ ၉ ဦး၊ ရွာငံမြို့နယ်၌ ၁ ဦး၊ စုစုပေါင်း ၁၀ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်ဝါရီလ ၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၇၅၈၂ ဦး ရှိကာ၊ ယင်းအနက် ၂၇၆၆ ဦး သေဆုံး၍ ၁၁၀၈၀၅ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။