COVID-19 အတည်ပြုလူနာ အသစ် ၅၉၆ ဦး (ရှမ်း​တောင်မှ ၁၄ ဦး ပါ) တွေ့ရှိ၍ ​သေဆုံးသူ ၁၉ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, January 6, 2021

COVID-19 အတည်ပြုလူနာ အသစ် ၅၉၆ ဦး (ရှမ်း​တောင်မှ ၁၄ ဦး ပါ) တွေ့ရှိ၍ ​သေဆုံးသူ ၁၉ ဦး ထပ်တိုး



COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၅၉၆ ဦး  (ရှမ်း​တောင်မှ ၁၄ ဦး ပါ) တွေ့ရှိပြီး ​ထပ်မံ သေဆုံးသူ ၁၉ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဇန်နဝါရီလ ၆ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.

ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၅၃၃ ခုအနက် တောင်ကြီးမြို့မှ ၇ ဦး၊ ဟိုပုံးမြို့မှ ၁ ဦးနှင့် ဟဲဟိုးမြို့မှ ၂ ဦး၊ စုစု​ပေါင်း ၁၀ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

ထို့အတူ ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဇန်နဝါရီလ ၅ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၆ ရက် ​နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​​​တောင်ကြီးမြို့နယ်၌ ၃ ဦး၊ ရွာငံမြို့နယ်၌ ၁ ဦး၊ စုစု​ပေါင်း ၄ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (​ဇန်ဝါရီလ ၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၈၁၇၈ ဦး ရှိကာ၊ ယင်းအနက် ၂၇၈၅ ဦး သေဆုံး၍ ၁၁၁၄၀၁ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats