ရှမ်းတောင်သို့ ဝင်ရောက်လာသည့် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်သို့ ဝင်ရောက်လာသည့် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ

စုလှိုင်

.

ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်က ရန်ကုန်တိုင်း ဒေသကြီးမှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်လာသည့် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း သိရသည်။

.

.

Positive တစ်ယောက် တွေ့ပါတယ်။ Contact က ၂ ယောက်ပါပါတယ်။ ရန်ကုန်ကပါ” ဟု နန့်ပန်တက် ကျန်းမာရေး စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောပြည်သူ့ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပိုးတွေ့လူနာသည် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် JJ Express ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ အသက် ၂၂ နှစ်အရွယ် ယာဉ်နောက်လိုက်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

.

ပိုးတွေ့လူနာကို ကလောပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ဆေးကုသပေးလျက်ရှိပြီး ၎င်းနှင့် ထိတွေ့ခဲ့သည့် အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်းနှင့် အသက် ၃၄ နှစ်အရွယ် ယာဉ်နောက်လိုက်တို့ ၂ ဦးအား ကလောမြို့ရှိ ဓမ္မယာန Quarantine Center သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats