တောင်ကြီးတွင် အသက် ၂ နှစ်၊ ၇ လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် COVID-19 လူနာ ၆ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အသက် ၂ နှစ်၊ ၇ လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် COVID-19 လူနာ ၆ ဦး တွေ့ရှိ

စုလှိုင်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ ဇန်နဝါရီလ ၅ ရက်က အသက် ၂ နှစ် ၇ လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် COVID-19 ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ၆ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

“၆ ဦး တွေ့တယ်။ ၅ ဦးက တစ်နေရာပေါ့။ ကျန်တဲ့တစ်ယောက်က Quarantine ထဲမှာ ရှိတဲ့သူကို စစ်ရင်းနဲ့ တွေ့တာပါ။ ကလေး တစ်ယောက်ပါတာပေါ့” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့၊ ပြည်နယ်အကူ တပ်ဖွဲ့ခွဲမှူးရုံး (သီးသန့်ရဲစခန်း)မှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်စုစုပေါင်း ၃၂၄ ဦးတို့ကို RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ၅ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်ပိုးတွေ့လူနာ တစ်ဦးမှာ ကမ္ဘောဇ သာသနာ့ဗိမ္မာန်တွင် Quarantine ဝင်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပိုးတွေ့လူနာများအနက် ကလေးငယ်နှင့် အမျိုးသမီးတို့အား တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး တွင် ဆေးကုသမှုပေးသွားမည်ဖြစ်ပြီး ကျန်သူများကို စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats