ကမ္ဘောဇတိုင်း
.
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၆၀၅
ဦး (ရှမ်းတောင်မှ ၂ ဦး ပါ) တွေ့ရှိပြီး
ထပ်မံ သေဆုံးသူ ၁၀ ဦး ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)၊ ည ၈ နာရီက
ထုတ်ပြန်ချက်အရ သိရသည်။
.
.ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့်
ဓါတ်ခွဲနမူနာ ၅၄၆ ခုအနက် ဆီဆိုင်မြို့တွင် အသွားအလာ ကန့်သတ်ထားသူ တစ်ဦးနှင့် ကယားပြည်နယ်၊
လွိုင်ကော်မြို့တွင် အသွားအလာ ကန့်သတ်ထားသူ တစ်ဦး၊ စုစုပေါင်း ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး) မှ ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃
ရက်မှ ယနေ့ (ဇန်ဝါရီလ ၁၄ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၁၃၂၈၆၅ ဦး ရှိကာ၊ ယင်းအနက် ၂၉၁၂ ဦး သေဆုံး၍ ၁၁၆၁၀၀ ဦးမှာ ပြန်လည်
သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.