COVID-19 အတည်ပြုလူနာ အသစ် ၃၄၉ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၃၄၉ ဦး တွေ့ရှိ

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၃၄၉ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၁၀ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ ၂၉ ရက်၊ နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၃၀ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ၂ ဦးတွင်  COVID-19 ပိုးတွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်ဝါရီလ ၃၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၉၈၆၄ ဦး ရှိကာ၊ ယင်းအနက် ၃၁၂၅ ဦး သေဆုံး၍ ၁၂၄၄၄၁ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats