မိုင်းတုံတွင် ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

မင်းဇော်မင်း

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းမှ စတင်၍ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေ ကြောင်းသိရသည်။

.

.

"ရရှိလာတဲ့ခွဲတမ်းအတိုင်း အားလုံးထိုးနှံနေပါတယ်။ လက်ထောက်ဆရာဝန်ကတော့ ကိုယ်ဝန်ဆောင်ဖြစ်တဲ့အတွက် မထိုးနှံရသေးပါဘူး။ ညွှန်ကြားချက်တွေအရ သူ့အစား အခြားတစ်ဦးကို ထိုးနှံပေးလို့လည်း မရပါဘူး။ ဆေးပိုတာမျိုး ရှိလာရင် မြို့နယ် COVID ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း စေတနာ့ဝန်ထမ်းတွေကို ထိုးနှံပေးဖို့ရှိပါ့မယ်" ဟု မိုင်းတုံမြို့နယ်ဆေးရုံတာဝန်ခံ ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။

.

မိုင်းတုံမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကျော်ကို စတင်ထိုးနှံပေးနေခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ ထိုးနှံပြီးပါက ပိုလျှံဆေးအား စေတနာရှင်လုပ်အားပေး ၇ ဦးကို အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ကာကွယ်ဆေးထိုးနှံပြီးနောက် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာပါက ကုသပေးသည့် AEFI KIT ဟုခေါ်သည့် ဆေးအဖွဲ့ကို ဆရာဝန်တစ်ဦး၊ သူနာပြုဆရာမ ၂ ဦး၊ အကူ ၂ ဦးဖြင့်ဖွဲ့စည်းထားရှိကာ လိုအပ်သည့်ဆေးဝါးများကိုလည်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားရှိကြောင်းနှင့် အကယ်၍ ဖြစ်ပွားလာပါက ကုသမှုအပိုင်းကို လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် လူတစ်သန်းလျှင် တစ်ဦးမျှသာ ဖြစ်ပေါ်နိုင်သည့်အခြေအနေရှိသည်ဟု သိရှိရသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

Journal Download

Photo of three cats