COVID-19 နှင့် ပတ်သက်သည့် ညွှန်ကြားချက်များအား ဖေဖော်ဝါရီ လကုန်ထိ ရက် တိုးမြှင့်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

COVID-19 နှင့် ပတ်သက်သည့် ညွှန်ကြားချက်များအား ဖေဖော်ဝါရီ လကုန်ထိ ရက် တိုးမြှင့်ထား

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များ မပါ)အား ဖေဖော်ဝါရီလ လကုန်ထိ ရက် တိုးမြှင့်ထားကြောင်း သိရသည်။

.


COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များကို ယင်းကဲ့သို့ သက်တမ်းတိုးမြှင့်သတ်မှတ်ခြင်း ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats