ကမ္ဘောဇတိုင်း
.
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄၄၈ ဦး တွေ့ရှိပြီး ထပ်မံ
သေဆုံးသူ ၁၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၁၉
ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။
.
.
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌
PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၆၃ ခုအနက် ကလော၊ အောင်ပန်းနှင့်
လွိုင်လင်မြို့များတွင် အသွားအလာကန့်သတ်ထားသူ ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး) မှ ထုတ်ပြန်ထားသည်။
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ် ၁၁
နာရီမှ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့်
စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ၂ ဦးတွင် COVID-19
ပိုးတွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက
ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်ဝါရီလ ၁၉
ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၅၂၄၃ ဦး
ရှိကာ၊ ယင်းအနက် ၂၉၈၆ ဦး သေဆုံး၍ ၁၁၈၆၅၇ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ
ဖြစ်ကြောင်း သိရသည်။
.