ကမ္ဘောဇတိုင်း
.
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄၄၉ ဦး
တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၁၃ ဦး
ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၁၇ ရက်)၊ ည ၈
နာရီက ထုတ်ပြန်ချက်အရ သိရသည်။
.
.ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ
၁၆ ရက်၊ နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၁၇ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ၂ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃
ရက်မှ ယနေ့ (ဇန်ဝါရီလ ၁၇ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၁၃၄၃၁၈ ဦး ရှိကာ၊ ယင်းအနက် ၂၉၅၅ ဦး သေဆုံး၍ ၁၁၇၆၆၃ ဦးမှာ ပြန်လည်
သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.