ရှမ်းပြည်နယ်အတွင်း COVID-19 ကာကွယ်ဆေး ထိုးနှံရမည့်သူ စာရင်းများကို ဇန်နဝါရီ ၂၉ ရက်အပြီး ကောက်ခံမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း COVID-19 ကာကွယ်ဆေး ထိုးနှံရမည့်သူ စာရင်းများကို ဇန်နဝါရီ ၂၉ ရက်အပြီး ကောက်ခံမည်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်အတွင်း COVID-19 ကာကွယ်ဆေးCOVISHIELD  ထိုးနှံရမည့်သူ စာရင်းများကို စတင်ကောက်ခံ  နေလျက်ရှိပြီး ဇန်နဝါရီလ ၂၉ ရက်တွင် အပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံက သိရသည်။

.



.

COVID-19 ကာကွယ်ဆေး ထိုးနှံပေးဖို့ စာရင်း ကောက်နေပါတယ်။ အဲဒါလည်း ကျန်ခဲ့တဲ့သူ မရှိရအောင် ညွှန်ကြား ချက်ထွက်ဖို့ လုပ်နေပါတယ်။ ၂၉ ရက်နေ့ အပြီးကောက်မှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

COVID-19 ကာကွယ်ဆေး ထိုးနှံရာတွင် လူတစ်ဦးလျှင် ၂ ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ် ထိုးနှံမှုတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ဝန်ထမ်းကတ် စသည့် အသိအမှတ်ပြုကတ်ပြား တစ်ခုခုဖြင့် အထောက်အထားပြုလုပ်၍ ထိုးနှံပေး သွားမည်ဖြစ်ကာ ဒုတိယအကြိမ် ထိုးနှံမှုအတွက် ကာကွယ်ဆေး ထိုးနှံမှု အသိအမှတ်ပြုကတ်ပြား ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် အိန္ဒိယလေကြောင်းလိုင်းဖြင့် Serum Institute of India မှ COVID-19 ကာကွယ်ဆေး ၁ ဒသမ ၅ သန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၇ ရက်တွင် ကျန်းမာရေး ဝန်ထမ်းများအား ပထမဦးဆုံး ထိုးနှံပေးသွားမည်ဖြစ်ကာ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူထုလူတန်းအစား အသီးသီးအလိုက် တစ်ဆင့်ချင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ယင်း COVID-19 ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် ရှိသူများသာ ထိုးနှံနိုင်မည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မထိုးနှံသင့်ဘဲ ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ကုသခံထားရသူများ ခုခံအားကျရောဂါနှင့် ခုခံအား ကျဆင်းစေသည့် ဆေးဝါး တစ်ခုခု သုံးစွဲနေရသူများ အနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်း ခံယူရန် သင့်/မသင့်ကို ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ရန် လိုအပ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats