မူဆယ်မြို့မှ COVID-19 လူနာတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့မှ COVID-19 လူနာတစ်ဦး သေဆုံး

ကမ္ဘောဇတိုင်း

.

မူဆယ်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော COVID-19 လူနာတစ်ဦး ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်၊ ညပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

.

“မနေ့က ၅ နာရီ ၄၅ မိနစ်လောက်မှာ တစ်ယောက် သေဆုံးပါတယ်။ သူကဆီးချို၊ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံး အားနည်းတဲ့ရောဂါ ၃ မျိုးရှိပါတယ်” ဟု မူဆယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ လှထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမျိုးသားသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည့် မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်ကျ တရုတ်နိုင်ငံသား အကျဉ်းသား ပိုးတွေ့လူနာများနှင့် ထိတွေ့မှု ရှိခဲ့သူဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်ကလည်း လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့လူနာ တစ်ဦး အဆုတ်ရောင်ရောဂါအခံဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် COVID-19 အတည်ပြု လူနာများအနက် သေဆုံးသူ ၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats