ကမ္ဘောဇတိုင်း
.
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄၂၅ ဦး တွေ့ရှိပြီး
ထပ်မံ သေဆုံးသူ ၁၈ ဦး ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၂၂ ရက်)၊ ည ၈ နာရီက
ထုတ်ပြန်ချက်အရ သိရသည်။
.
.ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ
၅၅၉ ခုအနက် ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး) မှ
ထုတ်ပြန်ထားသည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ
၂၁ ရက်၊ နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ဆီဆိုင်မြို့နယ်မှ တစ်ဦးတွင်
COVID-19 ပိုးတွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃
ရက်မှ ယနေ့ (ဇန်ဝါရီလ ၂၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၁၃၆၅၉၁ ဦး ရှိကာ၊ ယင်းအနက် ၃၀၃၁ ဦး သေဆုံး၍ ၁၂၀၅၄၃ ဦးမှာ ပြန်လည်
သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #News #COVID19
.