ကမ္ဘောဇတိုင်း
.
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄၇၈ ဦး တွေ့ရှိပြီး
ထပ်မံ သေဆုံးသူ ၁၁ ဦး ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၂၀ ရက်)၊ ည ၈ နာရီက
ထုတ်ပြန်ချက်အရ သိရသည်။
.
.ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့်
ဓါတ်ခွဲနမူနာ ၁၇၆ ခုအနက် ကလောမြို့နယ်မှ ၁ ဦးတွင် COVID-19
ပိုး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး) မှ ထုတ်ပြန်ထားသည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ
၁၉ ရက်၊ နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၂၀ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်
ပင်းတယမြို့နယ်မှ ၂ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ကြောင်း
ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃
ရက်မှ ယနေ့ (ဇန်ဝါရီလ ၂၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၁၃၅၇၂၁ ဦး ရှိကာ၊ ယင်းအနက် ၂၉၉၇ ဦး သေဆုံး၍ ၁၁၉၃၁၄ ဦးမှာ ပြန်လည်
သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.