“ဝ” အထူးဒေသတွင် COVID-19 လူနာ ၃၀၀ ဦးခန့်အထိ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” အထူးဒေသတွင် COVID-19 လူနာ ၃၀၀ ဦးခန့်အထိ ရှိလာ

စိုင်းသိင်္ခသူ

.

UWSA ထိန်းချုပ်ရာ “ဝ” အထူးဒေသအတွင်း ဇန်နဝါရီလ ၁၇ ရက်၊ နေ့လယ်ပိုင်းအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၉၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒေသဆိုင်ရာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။

.

.

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက် ထုတ်ပြန်ချက်အရ “ဝ” အထူးဒေသအတွင်း COVID-19 လူနာ ၁၅၃ ဦးသာ ရှိခဲ့ရာမှ ဇန်နဝါရီလ ၁၇ ရက်တွင် ၂၉၉ ဦးအထိ ရှိလာခြင်းဖြစ်ရာ ၆ ရက်အတွင်း လူနာသစ် ၁၄၆ ဦး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ထပ်မံတွေ့ရှိသည့် လူနာ ၁၄၆ ဦးမှာ မိုင်းပေါက်မြို့မှ ၁၃၂ ဦးနှင့် မိုင်းဖျန်မြို့မှ ၁၃ ဦး တို့ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် “ဝ” ဒေသ တစ်ခုလုံး၌ COVID-19 အတည်ပြုလူနာ ၂၉၉ ဦး တွေ့ရှိထားပြီး ဌာနချုပ် ပန်ခမ်းမြို့တွင် ၃၅ ဦး၊ မိုင်းပေါက်တွင် ၂၃၅ ဦး၊ ဟိုတောင်းတွင် ၈ ဦး၊ မိုင်းဖျန်တွင် ၂၁ ဦးတို့ဖြစ်ကြောင်း ဒေသဆိုင်ရာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ လူနာများအနက် ပန်ခမ်းမှ ၂၅ ဦး၊ မိုင်းပေါက်မှ ၂၀ ဦးတို့မှ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ကာ သေဆုံးလူနာမရှိကြောင်းနှင့် ဇန်နဝါရီလ ၁၇ ရက်အထိ “ဝ” ဒေသတစ်ခုလုံးတွင် ဓါတ်ခွဲနမူနာ ၂၆၀၀၀၀ ခန့်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

“ဝ” အထူးဒေသရှိ UWSA ဌာနချုပ် တည်ရှိရာ ပန်ခမ်းမြို့အား Lockdown ပြုလုပ်ထားမှုကို ဇန်နဝါရီလ ၁၃ ရက်အထိ တိုးမြှင့်ထားကြောင်း ဇန်နဝါရီလ ၁၃ ရက်က “ဝ” ဒေသဆိုင်ရာ ကြေညာချက် ထုတ်ပြန်ထားသည်။

.

UWSA “ဝ” အထူးဒေသနှင့် ကပ်လျက်တည်ရှိနေသော အထူးဒေသ (၄) မိုင်းလားတွင်မူ လာမည့် ဇန်နဝါရီလ ၂၁ ရက်၌ Lockdown ကန့်သတ်ထားမှုကို ပြန်လည်ဖြေလျှော့မည်ဖြစ်ကြောင်းနှင့် တရုတ်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း အထူးဒေသ (၄) က ကြေညာထားသည်။

.


Journal Download

Photo of three cats