နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ပိုးတွေ့

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။

.

 

အဆိုပါ COVID-19 ပိုး တွေ့ခဲ့သူများမှာ မန္တလေးမှ တောင်ကြီးသို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်၏ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ အသက် ၄၂ အရွယ် ယာဉ်မောင်းအမျိုးသားနှင့် ကျောက်ပန်းတောင်းမှ တောင်ကြီးသို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်၏ ကျောက်ပန်းတောင်းမြို့နယ်နေ အသက် ၁၇ နှစ်အရွယ် ယာဉ်နောက်လိုက် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။

.

ပိုးတွေ့လူနာများအား ကလောဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးမည် ဖြစ်ကာ ၎င်းတို့နှင့် ထိတွေ့မှုရှိသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကလောမြို့ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

နန့်ပန်တက်ကျေးရွာရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များပေါ်၌ ပါလာသူများကို RDT ဖြင့် COVID-19 ပိုး ရှိ/မရှိ စစ်ဆေးပေးနေခြင်း ဖြစ်သည်။

Journal Download

Photo of three cats