COVID-19 အတည်ပြုလူနာ အသစ် ၄၉၁ ဦး တွေ့ရှိ၍ သေဆုံးသူ ၁၆ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၄၉၁ ဦး တွေ့ရှိ၍ သေဆုံးသူ ၁၆ ဦး ထပ်တိုး

ကမ္ဘောဇတိုင်း

.

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄၉၁ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၁၆  ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.

.

ထို့အတူ ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဇန်နဝါရီလ ၁၅ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၁၆ ရက် ​နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​​​​က​လောမြို့နယ်နှင့် ရွာငံမြို့နယ်မှ ၂ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်ဝါရီလ ၁၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၃၈၆၉ ဦး ရှိကာ၊ ယင်းအနက် ၂၉၄၂ ဦး သေဆုံး၍ ၁၁၇၀၈၁ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats