ကမ္ဘောဇတိုင်း
.
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၅၁၃ ဦး တွေ့ရှိပြီး
ထပ်မံ သေဆုံးသူ ၁၄ ဦး ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)၊ ည ၈ နာရီက
ထုတ်ပြန်ချက်အရ သိရသည်။
.
.ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့်
ဓါတ်ခွဲနမူနာ ၆၃၅ ခုအနက် တောင်ကြီး၊ အေးသာယာ၊ ဖယ်ခုံ၊ ရပ်စောက်မြို့များတွင် အသွားအလာ
ကန့်သတ်ထားသူ ၅ ဦးနှင့် ကယား ပြည်နယ်မှ အသွားအလာ ကန့်သတ်ထားသူ ၂ ဦး၊ စုစုပေါင်း ၇ ဦးတွင် COVID-19 ပိုး
တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး) မှ ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃
ရက်မှ ယနေ့ (ဇန်ဝါရီလ ၁၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၁၃၃၃၇၈ ဦး ရှိကာ၊ ယင်းအနက် ၂၉၂၆ ဦး သေဆုံး၍ ၁၁၆၆၁၀ ဦးမှာ ပြန်လည်
သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.