ကလောနှင့် နန့်ပန်တက်စစ်ဆေးရေးဂိတ်များတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောနှင့် နန့်ပန်တက်စစ်ဆေးရေးဂိတ်များတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ကလောမြို့အထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်တို့တွင် ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊ နံနက်ပိုင်းက COVID-19 ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာများမှာ ရန်ကုန်မှ တောင်ကြီးသို့ ထွက်ခွာလာသည့် ၁၂ ဘီးယာဉ်မှ အေးသာယာမြို့နေ အသက် ၂၆ နှစ်အရွယ် ယာဉ် နောက်လိုက်တစ်ဦး၊ ရန်ကုန်မှ တောင်ကြီးသို့ ထွက်ခွာလာသည့် ၁၂ ဘီးယာဉ်မှ ကျောက်ပန်းတောင်းမြို့နေ အသက် ၃၀ အရွယ် ယာဉ်နောက်လိုက်တစ်ဦးနှင့် တောင်ကြီးမှ ရန်ကုန်သို့ ထွက်ခွာမည့် ၁၂ ဘီးယာဉ်မှ ကလောမြို့နယ်နေ အသက် ၅၂ အရွယ် ယာဉ်မောင်းတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

.

ယင်း ပိုးတွေ့လူနာ ၃ ဦးအား ကလောပြည်သူ့ဆေးရုံရှိ သီးသန့်လူနာ ကုသဆောင်တွင် ထားရှိ ဆေးကုသပေးသွားမည် ဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူ ၂ ဦးတို့ကို ကလောမြို့ရှိ ဓမ္မယာန Quarantine Center သို့ ပို့ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

.


Journal Download

Photo of three cats