COVID-19 အတည်ပြုလူနာ အသစ် ၅၅၁ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၂၀ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

COVID-19 အတည်ပြုလူနာ အသစ် ၅၅၁ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၂၀ ဦး ထပ်တိုး

ကမ္ဘောဇတိုင်း

.

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၅၅၁ ဦး  (ရှမ်း​တောင်မှ ၁ ဦး ပါ) တွေ့ရှိပြီး ​ထပ်မံ သေဆုံးသူ ၂၀ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဇန်နဝါရီလ ၁၂ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.



.

ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၉၀ ခုအနက် တာချီလိတ်မြို့မှ ၁ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး) မှ ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (​ဇန်ဝါရီလ ၁၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၄၁၇၃၇ ဦး ရှိကာ၊ ယင်းအနက် ၂၈၇၈ ဦး သေဆုံး၍ ၁၁၅၀၆၁ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

.

 

Journal Download

Photo of three cats