COVID-19 အတည်ပြုလူနာ အသစ် ၅၈၂ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၁၂ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၅၈၂ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၁၂ ဦး ထပ်တိုး

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၅၈၂ ဦး  (ရှမ်း​တောင်မှ ၂ ဦး ပါ) တွေ့ရှိပြီး ​ထပ်မံ သေဆုံးသူ ၁၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဇန်နဝါရီလ ၁၁ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.


ထို့အတူ ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဇန်နဝါရီလ ၁၀ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၁၁ ရက် ​နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​​​က​လောမြို့နယ်၌ ၂ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၈၈ ခုအနက် ကယားပြည်နယ်မှ ၁ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (​ဇန်ဝါရီလ ၁၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၁၁၈၆ ဦး ရှိကာ၊ ယင်းအနက် ၂၈၅၈ ဦး သေဆုံး၍ ၁၁၄၆၀၉ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats