အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဇလီလော်ကျေးရွာရှိ
COVID-19 ရောဂါ ယာယီဆေးကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေသည့်
လူနာများအနက် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်က ၂ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ရာ ဆေးကုသဆဲလူနာ
မကျန်ရှိတော့ကြောင်း သိရသည်။
.
.အဆိုပါ ဆေးရုံဆင်းခွင့်ရသူ ၂ ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက
COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်း လမ်းများကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း
သိရသည်။
.
မိုင်းယောင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၁၂ ဦးအထိ တွေ့ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၅ ရက်တွင် ၃ ဦး၊ ဒီဇင်ဘာ
၁၆ ရက်တွင် ၂ ဦး၊ ဒီဇင်ဘာ ၁၇ ရက်တွင် ၂ ဦး၊ ဒီဇင်ဘာ ၂၀ ရက်တွင် တစ်ဦး၊ ဒီဇင်ဘာ ၂၃
ရက်တွင် တစ်ဦး၊ ဒီဇင်ဘာ ၂၉ ရက်တွင် တစ်ဦးနှင့်
ဇန်နဝါရီလ ၉ ရက်တွင် ၂ ဦးတို့ကို အသီးသီး ဆေးရုံမှ
ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
မိုင်းယောင်းမြို့နယ်တွင် လက်ရှိ၌ COVID-19 ရောဂါပိုး စစ်ဆေးမှုများရှိသော်လည်း ဇန်နဝါရီလ ၉ ရက် အထိ အတည်ပြုလူနာ ထပ်မံတွေ့ရှိခြင်းမရှိကြောင်း
သိရသည်။
.