.
ရှမ်းပြည်နယ် အတွင်း၌ ဆေးရုံတက်ရောက် ကုသဆဲ COVID-19 ပိုးတွေ့ အတည်ပြု လူနာ ၂၂၃ ဦးရှိကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နေ့လယ် ၁၁ နာရီထိ ရှမ်းပြည်နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၂၃ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၃ ဦး သေဆုံး၍ ၆၉၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ ၂၂၃ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများ၌ ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။
.
ယင်း ဆေးကုသမှု ခံယူနေဆဲ လူနာများမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၉၅ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၁၈ ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၁၀ ဦး ဖြစ်သည်။
.
ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုအား ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်း သတင်းပေးခြင်း၊ တတ်နိုင်သမျှ မိမိ နေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ကြရန် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။