COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄၁၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၁ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၈၃ ခုအနက် တောင်ကြီး၊ ရပ်စောက်၊ ဖယ်ခုံမြို့နယ်တို့မှ ၃ ဦးတို့တွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၃၁ ရက်၊ နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် တောင်ကြီး၊ ကလော၊ ရွာငံမြို့နယ်တို့မှ ၃ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်နဝါရီလ ၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၅၀၄၂ ဦး ရှိကာ၊ ယင်းအနက် ၂၆၉၇ ဦး သေဆုံး၍ ၁၀၇၇၇၇ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။