တန့်ယန်းတွင် ဘိန်းစိုက်ခင်း ၂၅ ဧကခန့်အား ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန့်ယန်းတွင် ဘိန်းစိုက်ခင်း ၂၅ ဧကခန့်အား ဖျက်ဆီး

ကမ္ဘောဇတိုင်း

.

လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဇန်နဝါရီလ ၁၆ ရက်က နယ်မြေခံတပ်ရင်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဘိန်းစိုက်ခင်း ၂၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.



.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦး၊ လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းခိုင်၊ တန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရင်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်က တန့်ယန်းမြို့နယ်၊ ဟွေကြိမ်၊ နောင်ဖာ၊ ဝိန်းမိုင်ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်း ၂၅ ဧက ခန့်အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

တန့်ယန်းမြို့နယ်တွင် အဆိုပါ ဖျက်ဆီးမှု အပါအဝင် ယခုနှစ် ဘိန်းစိုက်ရာသီအတွင်း ဘိန်းစိုက်ခင်းစုစုပေါင်း ၁၀၂ ဒသမ ၅ ဧကအား ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats