မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ လုံတောင်းကျေးရွာအုပ်စုအတွင်းရှိ
ပါကန်း-နမ့်လင်း-ခိုင်မွန်-ပန်လောင်း-ပုံလျန်း ကျေးရွာ ၅ ရွာဆက် မြေသားလမ်း ဖောက်လုပ်မှု
လုပ်ငန်းများ ၈၇ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
.
.အဆိုပါ
ပါကန်း-နမ့်လင်း-ခိုင်မွန်-ပန်လောင်း-ပုံလျန်းကျေးရွာချင်းဆက် မြေသားလမ်း ၃
မိုင်ကို နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး
(ရှမ်းပြည်နယ်အစိုးရ) ခွင့်ပြုရန်ပုံငွေကျပ် ၁၂၀ ဒသမ ၄၇၇ သန်းဖြင့် လည်းကောင်း၊ ပန်လောင်း ကျေးရွာအနီး အရှည် ၁၈ ပေရှိ နမ့်ပန်ချောင်းကူး ကွန်ကရစ် တံတား တစ်စင်းကို ငွေကျပ် ၄၀ ဒသမ ၀၇၁ သန်းဖြင့် လည်းကောင်း
စိမ်းရွှေဝါကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ကျောက်မဲခရိုင် ဖွံ့ဖြိုးမှု
ကြီးကြပ်ရေးရုံးမှ သိရသည်။
.
မြေသားလမ်း ဖောက်လုပ်နေမှုကို ဇန်နဝါရီလ ၆ ရက်က ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ
(လားရှိုး)မှ ဒေသ ကြီးကြပ်ရေးမှူး၊ ဦးကျော်စွာဝင်း၊ ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ
ဦးကျော်သက်နှင့်အဖွဲ့က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ယင်း ကျေးရွာ ၅ ရွာဆက် မြေသားလမ်း ၃ မိုင်နှင့်
ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ကျေးရွာများ၌ နေထိုင်ကြသည့် ပြည်သူများ၏
သွားလာရေး လွယ်ကူချောမွေ့ လာမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်းသိရ သည်။
.