■ မောက်မယ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

■ မောက်မယ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ကျော် ဖမ်းမိ

စိုင်းမျိုးသန့် (မောက်မယ်)

.

လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ကျော်အား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မောက်မယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ နံနက် ၄ နာရီခွဲ ခန့်က မောက်မယ်မြို့နယ်၊ မြို့ဦးရဲကင်းတွင် မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ် မိုးနဲဘက်မှ မောက်မယ်ဘက်သို့ နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာနေ စိုင်းအောင် (ခ) အောင်ခမ်း မောင်းနှင်ပြီး စိုင်းစော လိုက်ပါလာသည့် SUPER CUSTOM HIACE ခဲရောင် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်၏အနောက်ဝဲဘက်ခြမ်း နောက်မီးခွက်တပ်ဆင်ထားသော အံဝှက်အတွင်းမှ  WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးဝါး ၃၈၃၈ ပြား၊ အလေးချိန် ၃၃၄၅ ဒသမ ၄၂ ဂရမ်၊ တန်ဖိုး ၃၈၃၈၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းချရန် လက်ဝယ်ထားရှိသူ စိုင်းအောင် (ခ) အောင်ခမ်းနှင့် စိုင်းစောတို့ ၂ ဦးအား မောက်မယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats