ပင်းတယမြို့နယ်ရှိ ဈေးများတွင် ပြင်ပဈေးသည်များအား လာရောက်ရောင်းချခွင့်မပြုတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, January 9, 2021

ပင်းတယမြို့နယ်ရှိ ဈေးများတွင် ပြင်ပဈေးသည်များအား လာရောက်ရောင်းချခွင့်မပြုတော့

စုလှိုင်

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ယာယီဈေးများတွင် ပြင်ပဒေသမှ ဈေးသည်များအား လာရောက်ရောင်းချခွင့်မပြုတော့ကြောင်း သိရသည်။

.

.

“အခုမှ မဟုတ်ပါဘူး။ အရင် COVID-19 စဖြစ်ကတည်းက ပေးမရောင်းတာပါ။ ကိုယ့်မြို့ထဲက ဈေးသည်တွေပဲ ရောင်း နေတာပေါ့။ ရွှေညောင်ဈေး ပိတ်လိုက်ရတဲ့အတွက် ပြန်ပြီး ကြီးကြပ်ဖို့ပါ” ဟု ပင်းတယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပင်းတယမြို့နယ်အတွင်းရှိ ဈေးများသို့ ရွာငံ၊ ရပ်စောက်၊ ရွှေညောင်နှင့် အောင်ပန်းမြို့များမှ ဈေးရောင်းချသူများသည် ကုန်စိမ်းနှင့် သားငါးများ လာရောက်ရောင်းချကြခြင်းဖြစ်ပြီး ရွှေညောင်မြို့မှ သားငါး လာရောက်ရောင်းချသူ များပြား ကြောင်း ၎င်းထံက သိရသည်။

.

“ရွာငံကလည်း မလာကြတော့ဘူး။ COVID-19 ကာလ ဖြစ်တဲ့အတွက် အဝင်အထွက်တွေ ခက်တယ်။ ပင်းတယ မှာလည်း ဒေသတွင်းဈေးသည်တွေပဲရောင်းတယ်၊ အပြင်ဈေးသည်တွေ မပါဘူး။ ၅ ရက်တစ်ဈေး ဈေးနေ့ကို ဈေးကြီး ကော ယာယီဈေးပါ ပိတ်တယ်” ဟု ဦးနေမျိုးဇော်က ဆက်လက်ပြောဆိုခဲ့သည်။

.

လက်ရှိ ပင်းတယမြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားသူ ၁၄ ဦး ရှိနေပြီး ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရန် မြို့နယ် COVID- 19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် တိုင်ပင်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သို့သော် ပင်းတယမြို့နယ်အတွင်းသို့ ရေသန့်၊ မုန့်မျိုးစုံနှင့် မျှစ် နေ့ချင်းပြန် ပို့ဆောင်ပေးသူများအား ဆက်လက် ခွင့်ပြုပေးထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About