ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် လုံခြုံရေး
တိုးမြှင့်ချထား ဆောင်ရွက်သွားရန် ညွှန်ကြားထားသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံက သိရသည်။
.
.“ရှမ်းပြည်နယ်နေ့နဲ့ ပြည်ထောင်စုနေ့လည်း နီးလာတော့
ပုံမှန်လုံခြုံရေးကို တိုးပြီးချဖို့ ပြောထားတာ ရှိတယ်။ နောက်ပြီး ကလောတို့၊ ရွာငံမြို့ကြီးဂိတ်တွေ
မှာလည်း အသွားအလာနဲ့ ပတ်သက်လို့ မဖြစ်သင့်တာ မဖြစ်ရအောင် လုံခြုံရေးတွေ ချထားတာ ရှိပါတယ်”
ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်၍ မဲစာရင်းမှားယွင်းမှုများကို
ဖြေရှင်းပေးရန် တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့မှ ဖိအားပေးတောင်းဆိုမှု မှုများ
ရှိနေပြီး မြို့နယ်အချို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိနေကာ တပ်မတော်ဘက်မှလည်း အာဏာမသိမ်းဟု
မဆိုနိုင်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီးနောက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီး တွင် လုံခြုံရေးများ တိုးမြှင့်ချထားဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုတိယရဲမှူးကြီး ဝင်းသိန်းက “ရှမ်းပြည်နယ်မှာတော့ မြို့နယ်အလိုက် လုံခြုံရေး ချထားတာတွေ
ရှိပါတယ်။ နေပြည်တော်၊ ရန်ကုန်တို့လိုမှာ ဖြစ်နေတဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်မှု မရှိလို့
လုံခြုံရေးကတော့ ပုံမှန်အတိုင်းပဲ ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
.
No comments:
Post a Comment