တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုသာန်သွားလမ်းကို ပြုပြင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုသာန်သွားလမ်းကို ပြုပြင်မည်

စုလှိုင်

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ တိုင်းရင်းသားပေါင်းစုံ သုသာန်သွားလမ်းကို ပြန်လည်ပြုပြင်ပေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံက သိရသည်။

.

.

“ဆိုးနေတဲ့ နေရာတွေကို လမ်းခင်းပေးမယ်။ မြောင်းဖောက်ပေးမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ တိုင်းရင်းသားပေါင်းစုံ သုသာန်သို့ သွားရောက်ရာ ဝါးပြားလမ်းသည် ကျဉ်းမြောင်းပြီး ရေနုတ်မြောင်း မရှိခြင်း၊ လမ်းဘေးတွင် ကျူးကျော်နေထိုင်သူများ ရှိနေခြင်း၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ စနစ်တကျ မရှိခြင်း တို့ကြောင့် သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး လက်ရှိအနေအထားအရ အဆိုးဆုံးနေရာများကို ရေမြောင်း ဖောက်လုပ်ခြင်း၊ သတ်မှတ်လမ်းအကျယ် ရရှိရန် လမ်းခင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

“လုပ်ရမယ့်လုပ်ငန်း‌တွေက များတယ်။ အဲဒီလမ်းပြင်ဖို့ အစီအစဉ်ဆွဲထားတာ ရှိတယ်။ အစိုးရအဖွဲ့က ထောက်ပံ့ပေး ရင်တော့ မြန်မြန်ပြီးသွားမှာပါ။ စည်ပင်ဘတ်ဂျက်နဲ့ဆိုရင် ကြာမှာပေါ့” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးနေလင်းက ပြောသည်။

.

အဲဒီလမ်းကတော့ ပြုပြင်ဖို့ လိုနေတာ အမှန်ပါပဲ။ လမ်းကျဉ်းတဲ့အပြင် အတက်အဆင်း များတဲ့အတွက် အန္တရာယ် လည်း များတယ်။ ကားတစ်စီးနဲ့တစ်စီး ရှောင်စာ မရှိဘူး။ သုသာန်အသစ် တည်ဆောက်ဖို့ ဆိုတာထက် မြို့အနေ အထားအရ အခုရှိနေတဲ့ သုသာန်မှာလည်း အဆင်ပြေနေပါသေးတယ်။ အဓိက ကတော့ ဝင်လမ်းထွက်လမ်းပဲ ကောင်း အောင်လုပ်ပေးဖို့ လိုတာပါ” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်‌နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက် ၂၂ ရပ်ကွက် ရှိပြီး မြို့ပေါ်နေ လူဦးရေ တစ်သိန်းခွဲခန့်၏ နာရေးကိစ္စများတွင် ယင်း တိုင်းရင်းသားပေါင်းစုံ သုသာန်၌သာ မီးသင်္ဂြိုဟ်ခြင်းဖြစ်ရာ ဝင်လမ်း/ထွက်လမ်း ကျဉ်းမြောင်းမှုကြောင့် အဆင်မပြေ မှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

ထို့အပြင် တောင်ကြီးမြို့နေ လူဦးရေ ထူထပ်သိပ်သည်းလာမှုအရ သွားလာရေး လွယ်ကူသည့် အခြားနေရာတစ်ခု တွင် မီးသင်္ဂြိုဟ်စက်အသစ် တည်ဆောက်ရေးအတွက် မြေနေရာ ရှာဖွေလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats