ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ကားတစ်စီး ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ကားတစ်စီး ဖမ်းမိ

ခွန်သန်းအောင်

.

တောင်ကြီးခရိုင်၊ ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၂၂ ရက်၊ ညပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

“ဖမ်းမိတာ ဟုတ်ပါတယ်။ ပို့သွင်းနဲ့ပဲ ဖွင့်ထားပါတယ်” ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူးလှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၂၂ ရက်၊ ည ၇ နာရီခွဲခန့်က ဌာနစုံ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် သာစည်ဘက်မှ ကလောဘက်သို့ မြဝတီမြို့နေ ယာဉ်မောင်း ဇင်ကို မောင်းနှင် လာသည့် အဖြူရောင် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် တရားဝင် မှတ်ပုံတင် လိုင်စင်စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်အား စီးနင်းမောင်းနှင်သူ ဇင်ကို ကို ကလောမြို့မ ရဲစခန်းတွင် (ပ) ၁၆/၂၀၂၁၊ ပို့ကုန်သွင်းကုန်ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်က ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် နေဆဲဖြစ်သည်ဟု သိရသည်။

.

#KBZTai #Shan #News #KhunThanAung

.

Journal Download

Photo of three cats