အောင်ဆန်းဝင်း
.
ဓမ္မစကူးလ်ညီလာခံများ ကျင်းပပြုလုပ်ရာ တောင်ကြီးမြို့၊
ကံသာရပ်ကွက်ရှိ ဗောဓိကွင်းအား တောင်ကြီးမြို့နေ အလှူရှင် တစ်ဦးမှ ၎င်းတစ်ဦးတည်း လှူဒါန်းမှုဖြင့်
ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
.
.အဆိုပါ ဗောဓိကွင်း၏ တစ်ခြမ်းစောင်းဖြစ်နေသည့် မြေသားများအား
စက်ယန္တရားများဖြင့် မြေညှိခြင်း ဆောင်ရွက်လျက် ရှိပြီး ကွင်းပြင်တစ်ခုလုံးကို ကွန်ကရစ်
ခင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ဓမ္မစကူးလ် ညီလာခံအခမ်းအနားများ ကျင်းပရာတွင် ယင်းဗောဓိကွင်းအား
အသုံးပြုနေခြင်းဖြစ်ပြီး အခမ်းအနား ပြန်လည် ကျင်းပပြုလုပ်ခွင့်ရသည့်အချိန်တွင် အဆင်ပြေစေရန်အတွက်
ယင်းကဲ့သို့ လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
.
“အလှူရှင် တစ်ဦးတည်း လာပြီးလှူဒါန်းပေးတာပါ။ ကွင်းက
တစ်ခြမ်းစောင်းဖြစ်နေတော့ ဓမ္မစကူးလ်အခမ်းအနား တွေ လုပ်တဲ့အချိန် အဆင်မပြေဘူးပေါ့။
အခုလို ပြင်ပေးလိုက်တော့ အားလုံးအတွက် အဆင်ပြေသွားတာပေါ့” ဟု ဗောဓိကွင်း ပြုပြင်ရေးလုပ်ငန်းတွင်
လာရောက်ကူညီဆောင်ရွက်ပေးနေသည့် ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ဗောဓိကွင်းအား ပြုပြင်ရာတွင် ကွင်းအရှေ့အနောက် ၁၃၀
ပေ၊ တောင်မြောက် ပေ ၇၀ ကွန်ကရစ်ခင်းခြင်း၊ အပြင် ကွင်းပတ်လည်တွင် အားကစားပြုလုပ်သည့်
ပစ္စည်းများ၊ လမ်းလျှောက်မြက်ခင်းများ၊ ပန်းခြံများကို ပြုလုပ်ထားရှိပေး သွားမည်ဖြစ်ကြောင်း
သိရသည်။
.