ယခင်အစိုးရလက်ထက်က ​မြေယာအငြင်းပွားမှုအား အ​ကြောင်းပြု၍ နစ်နာသူ ဆိုသူက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို နိုင်လွတ်လုံဖြင့် အမှုဖွင့်ရန် စီစဥ်​နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယခင်အစိုးရလက်ထက်က ​မြေယာအငြင်းပွားမှုအား အ​ကြောင်းပြု၍ နစ်နာသူ ဆိုသူက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို နိုင်လွတ်လုံဖြင့် အမှုဖွင့်ရန် စီစဥ်​နေ

ကမ္ဘောဇတိုင်း

.

တာချီလိတ်မြို့နယ်ရှိ ယခင်အစိုးရလက်ထက်က စတင်ဖြစ်ပွားခဲ့သော မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ နစ်နာသူ ဆိုသူက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တောင်ကြီးမြို့မရဲစခန်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

.

.

တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီး၊ ကွင်းအမှတ် (၈၅၃၆) ပေါ်ရှိ ဒေါ်နန်းခမ်းတစ်ပ် ပိုင်ဆိုင်သော မြေလွတ် မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်ရ မြေယာ ၉၃ ဒသမ ၁၉ ဧက အား ထွေအုပ်နှင့် မြေစာရင်းဌာန ဝန်ထမ်းများက အဂတိလိုက်စား၍ မြေကွက်ရောင်းချထားသည့်ကိစ္စနှင့် ပတ်သက်၍ နစ်နာသူက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြတိုင်ကြားခဲ့ရာတွင် မြေပိုင်ရှင်၏ နစ်နာဆုံးရှုံးမှုများအား ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ ရှမ်းပြည်နယ်အစိုးရထံသို့ ညွှန်ကြားလာမှုကို လိုက်နာခြင်းမရှိဘဲ ဥပဒေနှင့် ဆန့်ကျင်ကာ ယင်းမြေနေရာကို မြေကွက်ရိုက်၍ လ/န (၃၉) ထုတ်ကာ ရောင်းစားခြင်း၊ ဒေါ်နန်းခမ်းတစ်ပ် ပိုင်ဆိုင်သော ငါးမွေးမြူရေးကန် ၃၆ ကန်အပါ စိုက်ပျိုးမွေးမြူရေးမြေဧရိယာများကို အငှားချထား ခြင်း၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်းတို့ကြောင့် ဟုဆိုကာ နစ်နာသူ ကိုယ်စား ဦးစိုင်းဆမ် ဆိုသူက ရှမ်းးပြည်နယ်ဝန်ကြီးချုပ်ကို အမှုဖွင့်တိုင်ကြားရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းအ​ခြေအ​နေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ်​မေးမြန်းရာ ယခင် ပထမအကြိမ် အစိုးရ လက်ထက်က တာချီလိတ်​မြေ (အငြင်းပွားမှု) ၉၃ ဧကနဲ့ ပတ်သက်မည်ဟု ထင်​မြင်ကြောင်း ​ဖြေဆိုခဲ့သည်။

.

အဆိုပါ ​မြေယာ အငြင်းပွားမှုနှင့် ပတ်သက်၍ နှစ် ၃၀ လုပ်ကိုင် ခွင့်ရ ၉၃ ဒသမ ၁၉ ဧက မြေယာနှင့် လ/န ၃၉ ရရှိပြီး ကွင်းအမှတ် ၅၃ ရှိ မွေးမြူရေးငါးကန် ၃၁ ဒသမ ၃၇ ဧက အပေါ် နိုင်ငံတော် သမ္မတရုံး၊ သုတေသနဌာန၊ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနကြီး၏ ထုတ်ပြန်ချက်ကို သွေဖည်၍ ရှမ်းပြည်နယ် မြေစစ်ကော်မတီနှင့် အောက်ခြေ တာဝန်ရှိ ဝန်ထမ်းများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသောကြောင့်ဟု ဆိုကာ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲကို တောင်ကြီးမြို့တွင် ဦးစိုင်းဆမ်မှ  ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၂ ရက်က ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

Journal Download

Photo of three cats