မင်္ဂလာဒုံနှင့် ဖယ်ခုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, January 21, 2021

မင်္ဂလာဒုံနှင့် ဖယ်ခုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀၀၀ ကျော် ဖမ်းမိ

ကမ္ဘောဇတိုင်း

.

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင် ဇန်နဝါရီလ ၂၀ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးများအား အခြားကုန်ပစ္စည်းများနှင့်ရောနှော၍ လွိုင်ကော်-ရန်ကုန် Express ယာဉ်တွင် လူမဲ့တန်ဆာဖြင့် သယ်ဆောင်လာကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်း၊ ကားဂိတ်၌ စောင့်ဆိုင်းနေစဉ်  ဇန်နဝါရီလ ၂ဝ ရက်က လူမဲ့တန်ဆာ အိတ်များကို လာရောက်ထုတ်ယူသူ ခူးသီအိုဒေါရို နှင့် မိုင်းမိုင်းလင်းကြည် တို့အား ထိန်းသိမ်း၍ရှာဖွေရာ ဆာလာအိတ် များအတွင်း ကြက်သွန်ဖြူနှင့် မြေပဲဆံများကြားတွင် ထည့်သွင်း ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝ ပြားကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ ၂ ဦးမောင်းနှင်လာသည့် Crown အမျိုးအစား မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆ ပြား၊ Ice ဝ ဒသမ ၈ ဂရမ် တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ ညနေ ၃ နာရီအချိန်တွင် ခူးသီအိုဒေါရို နေထိုင်သည့် ဖယ်ခုံမြို့၊ ဟိန်ဓမ္မရပ်ကွက်၊ သော်ကလမ်းရှိ နေအိမ်ကိုရှာဖွေရာ ၎င်း၏ဇနီး မမူစကော်လီနာသိန်း အားတွေ့ရှိပြီး နေအိမ်အိပ်ခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅ဝ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ခူးသီအိုဒေါရို၊ မိုင်းမိုင်းလင်းကြည်နှင့် မမူစကော်လီနာသိန်း တို့ ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

.

ခူးသီအိုဒေါရိုသည် ယင်းမူးယစ်ဆေးဝါးများအား နမ့်စန်မြို့နယ်မှဝယ်ယူပြီး ၎င်း၏နေအိမ်တွင် သိုလှောင်သိမ်းဆည်း၍ ရန်ကုန်မြို့သို့ သယ်ယူပို့ဆောင်ဖြန့်ဖြူးခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats