မိုင်းယောင်းတွင် ဆောင်းသီးနှံ ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲများ အထွက်နှုန်းကောင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် ဆောင်းသီးနှံ ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲများ အထွက်နှုန်းကောင်းနေ

အားချာ

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆောင်းသီးနှံ ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲများကို စမ်းသပ်စိုက်ပျိုးထားရာ အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

.

.

မိုင်းယောင်းမြို့နယ်မှ တောင်သူများသည် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးချိန်၌ ယာခင်းများအတွင်း ဆောင်းသီးနှံများကို ဆက်လက်ထွက်ယက်စိုက်ပျိုးကြကာ ယခုနှစ်တွင် ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲများကို စမ်းသပ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စနစ်တကျ ဘောင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းကာ အသိပညာပေးခြင်းများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများနှင့် တောင်သူများအား နေအိမ်ဥယျာဉ်ခြံ စိုက်ပျိုးနိုင်ရေးနှင့် ယာခင်းများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ခြံထွက်သီးနှံများကို ရောင်းချနိုင်ရေးအတွက် ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ နနွင်းနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်သည့် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ နံနံပင်၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ဖရုံ၊ ဘူး၊ ရုံးပတီနှင့် ပဲအမျိုးမျိုးသော သီးနှံမျိုးစေ့များကို အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats