ရွှေညောင်-ရပ်စောက် သွားလမ်းတွင် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်-ရပ်စောက် သွားလမ်းတွင် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိ

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်-ရပ်စောက်သွားလမ်း၊ ဟဲကယ်တိုးဂိတ်အနီး၌ ယမန်နေ့က ဗုံးသီးဟောင်း တစ်လုံးကို ဒေသခံ ၂ ဦးမှ တွေ့ရှိခဲ့သဖြင့် ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် အေးသာယာမြို့၊ အမှတ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အပ်နှံခဲ့ကြောင်း သိရသည်။

.

.

“နေ့လယ် ၁၂ နာရီလောက်က လာအပ်တာ။ အမျိုးသား ၂ ယောက်ပါ။ ဟဲကယ်ဘက်ကနေ ကောက်လာတယ်လို့ သိရတယ်” ဟု အေးသာယာမြို့၊ အမှတ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အေးသာယာမြို့၊ အမှတ် (၁၂) ရပ်ကွက်နေ အမျိုးသား ၂ ဦးသည် ဇန်နဝါရီလ ၅ ရက်က ရွှေညောင်-ရပ်စောက်သွား ကားလမ်းမပေါ်ရှိ ဟဲကယ်တိုးဂိတ် အနီး လမ်းဘေးခြုံ အတွင်း အပေါ့သွားရာမှ ဗုံးသီးအား တွေ့ရှိကာ နေအိမ်သို့ ယူဆောင်ခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် အေးသာယာမြို့၊ အမှတ် (၁၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဗုံးသီးတွေ့ရှိမှုနှင့် ပတ်သက်၍ အေးသာယာနယ်မြေရဲစခန်းမှူးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ဗုံးတွေ့တာ ဟုတ်ပါတယ်။ ဟဲကယ်ဘက်က တွေ့တာပါ။ တပ်က လာစစ်နေလို့ နောက်မှ ပြန်ဆက်လိုက်ပါမယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

.

ယင်း တွေ့ရှိခဲ့သော ဗုံးသီးမှာ 3 IN Mor HEFZD (UK) အမျိုးအစား ၃ လက်မ ခွင်းဗုံး အမျိုးအစား ဖြစ်ပြီး အမှတ် (၆၄၆) စစ်လက်နက်ပစ္စည်းတပ်ခွဲသို့ အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats