ကျောက်မဲတွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသူ ၂ ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသူ ၂ ဦးကို ဖမ်းမိ

မင်းဇော်မင်း

.

ကျောက်မဲမြို့တွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချနေသူ ၂ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လှိုင်မင်းသန့် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဇန်နဝါရီလ ၁၉ ရက်၊ ညပိုင်းက ကျောက်မဲမြို့၊ ရပ်ကွက် (၃)၊ နယ်မြေ (၁၀)၊ သီရိမင်္ဂလာလမ်း၊ စိန်ကျောက်တောင် ဘုန်းတော်ကြီးကျောင်း မုခ်ဦးရှေ့တွင် စောင့်ဆိုင်းနေစဉ် သီပေါမြို့နယ်၊ ပန်မိတ် အုပ်စု၊ ခုတ်နမ့်ကျေးရွာနေ စိုင်းလှထွန်း (ခ) အိုက်နောက်နှင့် စိုင်းမြင့်ဦး (ခ) အိုက်တောတို့ ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိုင်းမြင့်ဦး (ခ) အိုက်တော ဝတ်ဆင်ထားသည့် ဂျင်းဂျာကင် အရှေ့အိတ်ကပ် အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃၀ ပြား၊ အ‌လေးချိန် ၁၇၃ ဒသမ ၇ ဂရမ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“သူတို့သတင်းက ရနေတာကြာပြီ။ သူ့ဖုန်းကို စစ်ကြည့်တော့ သိန်း ၂၀ တွေ၊ သိန်း ၃၀ တွေ အများကြီးပဲ။ မြို့ရဲ့ ၃ ပုံ ၂ ပုံလောက်ကို သူတို့ဖြန့်နေတာ။ သူတို့ကိုမိတော့ မြို့အတွက် နည်းနည်း သက်သာသွားမယ်။ ဒါပေမဲ့ လက်ကြီးသမား တွေ မမိသေးဘူး။ အခုတော့ စစ်နေဆဲပဲ” ဟု ကျောက်မဲမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းချရန် သယ်ဆောင်လာသူ စိုင်းလှထွန်း (ခ) အိုက်နောက်နှင့် စိုင်းမြင့်ဦး (ခ) အိုက်တော တို့ ၂ ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် မယ (ပ)၁၆/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats