ခွန်ရဲထွေး (ဆီဆိုင်)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊
အောင်ချမ်းသာရပ်ကွက်၊ ဆီဆိုင်-လွိုင်ကော်လမ်းဘေးရှိ မြေနေရာတွင် ယမန်နေ့ ဇန်နဝါရီလ
၉ ရက်၊ နံနက်ပိုင်းက ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်အတွက် ပန္နက်တင် အခမ်းအနား
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးခွန်သန်းထူး၊ ရှမ်းပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးထွန်းအောင်ကျော်၊ ဆီဆိုင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်နှင့် မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဦးဘဆန်းလှတို့က ရတနာ
ပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာသည် အလျား ၁၆ ဒသမ
၅ ပေ၊ အနံ ၅၁ ပေ ရှိ ၄ ခန်းတွဲ ၄ ထပ် အဆောက် အဦဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော
ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ကျပ် ၃၀၀ ဒသမ ၄၀ သန်းဖြင့် Million
Effect Company မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဓါတ်ပုံ - မျိုးမြတ်အောင်(ဆီဆိုင်)
.
#KBZTai #Shan #News #KhunYeHtwe
.