မိုင်းတုံတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ဆန္ဒမဲလက်မှတ်အဟောင်းများအား မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ဆန္ဒမဲလက်မှတ်အဟောင်းများအား မီးရှို့ဖျက်ဆီး

မင်းဇော်မင်း

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ယနေ့ ဇန်နဝါရီလ ၅ ရက်၊ နံနက်ပိုင်းက ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ် အဟောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ဆန္ဒမဲလက်မှတ်အဟောင်းများကို မိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ နောက်ကွင်းပြင်၌ နံနက် ၁၀ နာရီ ၁၅ မိနစ်မှ နေ့လယ် ၂ နာရီအထိ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော် ထံက သိရသည်။

.

“၂၀၁၅ က မဲ အဟောင်းတွေပါ။ ၂၀၂၀ က မဲတွေ မဟုတ်ပါဘူး။ ဖျက်ဆီးကြောင်း မှတ်တမ်းတင်တာပါ” ဟု ဒုရဲမှူး ကိုကို‌ဇော်က ပြောသည်။

.

ယင်းကဲ့သို့ ဆန္ဒမဲလက်မှတ်အဟောင်းများကို မီးရှို့ဖျက်ဆီးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူများက စောင့်ကြပ်ကြည့်ရှုခဲ့ကြပြီး ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် မဲရုံ ၅၈ ရုံမှ ဆန္ဒမဲအဟောင်း ၅၈ အိတ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats