ကိုစိုး၊ အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊ ကုန်သည်လမ်းရှိ ရွှေဇာမဏီ
ရွှေဆိုင်တွင် ယနေ့ နေ့လယ်ပိုင်းက ရွှေထည် လုယူ ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ရွှေဇာမဏီ ရွှေဆိုင်တွင် ဇန်နဝါရီလ ၈ ရက်၊ နေ့လယ်
၁၂ နာရီအချိန်ခန့်က အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ရွှေဝယ်ဟန်ပြု၍ ၂ ကျပ်သား
ရွှေလက်စွပ်တစ်ကွင်းအား လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်မှ ရွှေလုပ်ငန်းရှင်များအသင်းနှင့်
တောင်ကြီးမြို့မရဲစခန်းတို့သို့ အကြောင်းကြားကာ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု
သိရသည်။
.
“ဝယ်ရင်းနဲ့ လုသွားတာပါ။ အခုတော့ အမှုဖွင့်ဖို့ လုပ်နေပါပြီ။
ကျူးလွန်သူကိုတော့ မမိသေးပါဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု တောင်ကြီးမြို့မရဲစခန်းမှူး
ဒုရဲမှူး ထက်နိုင်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အလားတူ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈
ရက်ကလည်း တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းရှိ လုံဝမ်ရွှေဆိုင်တွင် ငွေကျပ်
၂၃ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ဖူးကြောင်း
သိရသည်။
.