စိုင်းမျိုးသန့် (မောက်မယ်)
.
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မှ ကဒူးကြီးကျေးရွာအုပ်စုသို့
ဆက်သွယ်ထားသည့် မောက်မယ်-နမ့်လွတ်-ကဒူးလေး-ဒုံပုံး-နားဟီး ကျေးရွာချင်းဆက်လမ်း ၃၄ မိုင်အနက်
ပျက်စီးနေသည့် လမ်းပိုင်း ၅ မိုင်အား ကျောက်ချော လမ်းအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.အဆိုပါ မောက်မယ်−နမ့်လွတ်−ကဒူးလေး−ဒုံပုံး−နားဟီး
ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး
ပြည်ထောင်စုရန်ပုံငွေကျပ် ၃၇၃ ဒသမ ၈ သန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး
အချို့နေရာများမှာ သဘာဝဘေး၊ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်းကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးပါက
မောက်မယ်မြို့နယ်မှ အလှမ်းဝေးသော ကယားပြည်နယ်အစပ်ရှိ ကဒူးကြီးကျေးရွာအုပ်စုအတွင်းမှ
ကျေးရွာ ၂၃ ရွာ ၊ အိမ်ခြေပေါင်း ၈၅၀ အိမ်နှင့် လူဦးရေ ၄၃၉၃ ဦးတို့၏ သွားလာရေး အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး
ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများ ပိုမိုတိုးတက်လာစေမည်
ဖြစ်ကြောင်းသိရသည်။
.