ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊
ဘန်းယဉ်ကျေးရွာ၊ ဟိုပုံး-ဆီဆိုင်ကားလမ်းတွင် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်၊ ညနေပိုင်းက
စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၄ နာရီခန့်က
သတင်းအရ သက်သေများနှင့်အတူ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ၊ ဟိုပုံး-ဆီဆိုင်သွား ကားလမ်းတွင်
ဘန်းယဉ်ဘက်မှ ဟိုပုံးဘက်သို့ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊
နောင်ယာဆိုင်းကျေးရွာနေ စံအေး မောင်းနှင် လာသည့်
CR-V အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်
သိုဝှက်သယ်ဆောင်လာ သော စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်
၂၀ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ ဘန်းယဉ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး
ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.