နမ့်စန်တွင် မြို့နယ်စည်ပင်က ချယ်ရီပင် ၅၀၀ စိုက်ပျိုးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, January 30, 2021

နမ့်စန်တွင် မြို့နယ်စည်ပင်က ချယ်ရီပင် ၅၀၀ စိုက်ပျိုးနေ

မင်းဇော်မင်း

.

နမ့်စန်မြို့တွင် ချယ်ရီပင်များ ဝေဆာစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးဌာနက ချယ်ရီပင် ၅၀၀ ကျော်ကို စိုက်ပျိုးနေလျက် ရှိကြောင်း သိရသည်။

.


ခု အပင် ၂၀၀ တော့ စိုက်ပြီးသွားပါပြီ၊ အခု သေသွားတဲ့ အပင်တွေ အစားထိုး ထပ်မံ စိုက်ပျိုးနေပါတယ်၊ အပင် ၅၀၀ ထက်မက ပိုချင် ပိုပါမယ် စီမံကိန်းနဲ့ နှစ်စဉ် စိုက်ပျိုးသွားပြီး မြို့ကို ချယ်ရီဝေနေဖို့ ကြိုးပမ်းနေပါတယ်။” ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ချယ်ရီပင်များကို မိုးနဲ၊ ဟိုက်ဖတ် စသည့် မြို့အထွက် လမ်းဘေးဝဲယာနှင့် ဂေါက်ကွင်းအနီးတွင် စိုက်ပျိုးနေခြင်း ဖြစ်ကာ ချယ်ရီပင်များကို သစ်တောဦးစီးဌာနက ပံ့ပိုးကူညီပေးခြင်း ဖြစ်ကာ မြို့ သာယာလှပ စိမ်းလန်းစိုပြေစေသည် သာမက ရှမ်းပြည်နယ်၏ သင်္ကေတပန်း ဖြစ်သည့် ချယ်ရီပင်များ ပိုမို ပွားများစေရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

.

ချယ်ရီပင်များ အပြင် တပေဘူတ အပင် ၁၀၀ ကိုလည်း စိုက်ပျိုးလျက် ရှိပြီး အပင် ၁၀၀ ထပ်မံ၍ စိုက်ပျိုးရန် စီစဉ်ထားရှိကြောင်းလည်း သိရသည်။

.

ချယ်ရီပင်သည် ပေ ၃၀၀၀ ကျော် မြင့်သည့် နေရာများတွင် ပေါက်ရောက် ပန်းပွင့်သည့်အတွက် နမ့်စန်မြို့မှာ ပင်လယ်ရေပြင်အမြင့်ပေ ၃၁၆၆ အမြင့်တွင် တည်ရှိကာ ဆောင်းဥတုတွင် တစ်ခါတစ်ရံ ရေခဲမှတ် ၀ (သုည) အထိ အေးမြကာ နှင်းကျသည့် မြို့ဖြစ်သဖြင့် ချယ်ရီပင်များ ဖြစ်ထွန်း အောင်မြင်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats