စိုင်းမျိုးသန့် (မောက်မယ်)
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မိုင်းပန်မြို့မှ
နောင်ဟီးကျေးရွာအုပ်စု၊ နောင်လုံကျေးရွာသို့ ဆက်သွယ်ထားသည့် ကျောက်ချောလမ်း အရှည်
၂ မိုင်အား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါလမ်းကို နယ်စပ်ရေးရာ၀န်ကြီးဌာန၊
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁
ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့်
ဆောင်ရွက်နေခြင်း ဖြစ်ပြီး မိုင်းပန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်လမ်းပန်းဆက်သွယ်ရေးတွင်
အရေးပါ သော မိုင်းပန်−နောင်လေ−မိုက်ပုတ်(ပန်ပိ)− ဝမ်မုတ်−ပန်တဝိ−ဝမ်မတ် ၃၆ မိုင်ရှည်လျားသော
လမ်း၏အစိတ်အပိုင်းလည်းဖြစ်ကြောင်း သိရသည်။
.
ထိုကဲ့သို့ ကတ္တရာလမ်း ၂ မိုင်
ဆောင်ရွက်ပေးခြင်းဖြင့် မိုင်းပန်မြို့နယ်နှင့် တစ်ဆက်တည်း တည်ရှိသော ညောင်ခမ်း၊
နောင်လုံ၊ နောင်လွန်းကျေးရွာများမှ ဒေသခံပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေး လျှင်မြန်လွယ်ကူစေပြီး
ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ကြောင်းသိရသည်။
.