တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည်

ကမ္ဘောဇတိုင်း

.

တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန် အစည်းအဝေးများကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ရုံးများက ယမန်နေ့ ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

အစည်းအဝေး တက်ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိ သည်ဖြစ်စေ နေပြည်တော်ရှိ သက်ဆိုင်ရာ သတင်းပို့ဌာနအသီးသီးသို့ ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်များတွင် သတင်းပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယခု ကျင်းပမည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများတွင် လွှတ်တော်အလိုက် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ကော်မတီအသီးသီး ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်သွားရန် ရှိနေသည်။

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်များ အရ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ် ၆၄၂ ဦး ရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ၃၉၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၃ ဦး၊ အခြားပါတီများက ၄၇ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

.

တတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပမည့်ရက်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးချ။

.


Journal Download

Photo of three cats