ရွာငံမြို့နယ်တွင် ဘိန်းစိမ်းများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ဘိန်းစိမ်းများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ

ကမ္ဘောဇတိုင်း

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းက ဘိန်းစိမ်း အလေးချိန် ကီလို ၆၀ ခန့်အား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၅ နာရီခန့်က သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည် သွားကားလမ်းတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ အင်းတော်မြို့နယ်၊ ဂျုံးဂျုံးကျ ကျေးရွာနေ ကျော်သူဝင်း (ခ) ကျော်သူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းသာယာတောင် ကျေးရွာနေ ယောဟန် မောင်းနှင်ပြီး ဖိလစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယောဟန် မောင်းနှင်လာသည့် ဆိုင်ကယ်ရှေ့ခွကြားတွင်တင်ဆောင်လာသော လက်ဆွဲခြင်းအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၃၀ ကီလိုအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာ အုပ်စု၊ နမ်းနောက်ကျေးရွာနေ နေချို(ခ)ရာဇာ စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၃၀ ကီလိုအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ယင်း ဖမ်းဆီးရမိ ဘိန်းစိမ်းများအား ကျော်သူဝင်း (ခ) ကျော်သူမှ သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

.

အဆိုပါဖမ်းဆီးရမိခဲ့သည့် ဘိန်းစိမ်းများနှင့်စပ်လျဉ်း၍ ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

#KBZTai #Shan #News

.

Journal Download

Photo of three cats