တောင်ကြီးမြို့ရှိ သက်တမ်းရင့် ချယ်ရီပင်များအား ခြံစည်းရိုးခတ် ကာကွယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ရှိ သက်တမ်းရင့် ချယ်ရီပင်များအား ခြံစည်းရိုးခတ် ကာကွယ်

စုလှိုင်

.

တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်အနီးရှိ သက်တမ်းရင့် ချယ်ရီပင် ၄ ပင်အား ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်က ခြံစည်းရိုး ခတ်၍ ကာကွယ်ပေးခဲ့ကြောင်း သိရသည်။

.

.

“ချယ်ရီပင် ၄ ပင်ကို ပိုင်ရှင်ဆီက ခွင့်ပြုချက်တောင်းပြီးတော့ ကာပေးလိုက်တယ်။ အဲဒီလို ကာပေးလိုက်ခြင်းအားဖြင့် ကိုင်းချိုးခံရတာတွေ သက်သာသွားမယ်။ သူ့အစေ့က ပေါက်တဲ့ အပင်ပေါက်တွေ၊ အမြစ်က ပြန်ထွက်တဲ့ အပင်တွေကို မထိခိုက်တော့ဘူးပေါ့” ဟု ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

နှစ်စဉ် ချယ်ရီပွင့်ချိန်တွင် ယင်းချယ်ရီပင်များ ရှိရာသို့ တောင်ကြီးမြို့ခံများအပြင် ခရီးသွားဧည့်သည်များ၊ ချယ်ရီချစ်သူ များ လာရောက်ပြီး အလှဓါတ်ပုံ ရိုက်ကူးကြလေ့ရှိကြောင်း သိရသည်။

.

“ဒီချယ်ရီပင်ကြီးတွေက ပိုးစားနေတာ အခုလို ကာလိုက်တော့ ပြုစုရတာ လွယ်သွားတာပေါ့။ အပင်ပေါက်တွေလည်း သူ့သဘာဝအတိုင်း ပြန်ရှင်သန်နိုင်မှာပေါ့။ မဟုတ်ရင် လူတွေနင်းလို့ ပျက်စီးကုန်မှာပါ။ ဒေသခံတစ်ယောက် အနေနဲ့ ဒါလုပ်သင့်တယ်လို့ အကြံရလာတာနဲ့ လုပ်ပေးလိုက်တာပါ” ဟု ဒေါ်ချယ်ရီကျော်က ဆက်လက်ပြောဆိုခဲ့သည်။

.

အဆိုပါ ချယ်ရီပင်များသည် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ အကြီးဆုံးချယ်ရီပင်များအဖြစ် မှတ်တမ်းတင်ထားသည့် ချယ်ရီပင်များဖြစ်ပြီး ရင် စို့လုံးပတ်ခေါ် မြေပြင်အထက် ၄ ပေ ခွဲအမြင့်တွင် တိုင်းတာရရှိသည့် လုံး ပတ် ၁၁ ပေ၊ ၉ လက်မ၊ ၁၁ ပေ၊ ၈ လက်မ၊ ၁၀ ပေနှင့် ၈ ပေ၊ ၇ လက်မ အသီးသီးရှိကြောင်း သိရသည်။

.

ချယ်ရီပင်သည် နှင်းဆီမျိုးရင်း ဝင် အပင်ဖြစ်၍ မျိုးရင်းမှာ ဂရုနပ် ဖြစ်သည်။ ကမ္ဘာ့မြောက်ခြမ်း ဒေသ ဖြစ်သော ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယား၊ တရုတ်၊ နီပေါလ်၊ အိန္ဒိယ၊ ပါကစ္စ တန်၊ အာဖဂန်နစ္စတန်၊အီရန်၊မြန်မာ၊ ထိုင်းနှင့် ဆိုက်ဘေးရီးယား နိုင်ငံများတွင် ပေါက်ရောက်ပြီး ဂျပန်နိုင်ငံ၏ အမျိုးသားပန်း တစ်မျိုးလည်း ဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #News #SuHlaing

.

Journal Download

Photo of three cats