ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌကို ဖေဖော်ဝါရီလ ၁ ရက်တွင် ရွေးကောက် တင်မြှောက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌကို ဖေဖော်ဝါရီလ ၁ ရက်တွင် ရွေးကောက် တင်မြှောက်မည်

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌကို လွှတ်တော် စတင်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ရွေးကောက် တင်မြှောက်မည် ဖြစ်ကြောင်း တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပထမနေ့) အစီအစဉ်အရ သိရသည်။

.

အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ ရွေးချယ် တင်မြှောက်ခြင်း၊ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ လွှတ်တော်ဥက္ကဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်းတို့ အပါအဝင် အစီအစဉ် ၁၅ ခုဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

.

တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၅၈ ဦး၊ တပ်မတော်မှ ၁၁၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၆ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၃ ဦး၊ ရခိုင်အမျိုးသား ပါတီက ၄ နေရာ၊ တအာင်း(ပလောင်) အမျိုးသားပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့က ၃ နေရာစီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် မွန်ညီညွတ်ရေး ပါတီတို့က ၂ နေရာစီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသားပါတီတို့က ၁ နေရာစီဖြင့် စုစုပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၅ ဦး ပါဝင်မည် ဖြစ်သည်။

Journal Download

Photo of three cats