ကျောက်မဲတွင် ဆိုင်ထိုင်စားသောက်နေသူများကို အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ဆိုင်ထိုင်စားသောက်နေသူများကို အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ၂ ဦး ဒဏ်ရာရ

မင်းဇော်မင်း

.

ကျောက်မဲမြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်၊ ညပိုင်းက စားသောက်ဆိုင်တစ်ဆိုင်၌ ဆိုင်ထိုင်စားသောက်နေသူ များကို အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

ကျောက်မဲမြို့၊ ရပ်ကွက် (၈) နေ ကိုလှိုင်ကျော်ထွန်း၊ ကိုအောင်သိန်းစိုး၊ ကိုမျိုးမင်းကျော်နှင့် ရပ်ကွက် (၇) နေ ကိုသီဟပြည့်အောင်တို့ ၄ ဦးသည် ဇန်နဝါရီလ ၂၅ ရက်၊ ည ၉ နာရီ ခွဲ အချိန်ခန့်က ကျောက်မဲမြို့၊ ရပ်ကွက် (၈)၊ အောင်ဆန်းလမ်းပေါ်ရှိ M2K စားသောက်ဆိုင် အပြင်ဘက် ဝိုင်းတွင် စားသောက်၍ စကားပြောဆိုနေစဉ် ကျောက်မဲကြီးဘက်မှ မြို့တွင်းသို့ မောင်း နှင်လာသော ဆိုင်ကယ်တစ်စီးမှ လူ ၂ ဦးက လက်နက်ငယ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ပစ်ခတ်မှုကြောင့် ကိုလှိုင်ကျော်ထွန်းတွင် ယာပေါင်ရင်း ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲ တင်ပါး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ရရှိပြီး ကိုအောင်သိန်းစိုး (ခ) သိန်းစိုးတွင် ဝဲခြေကျင်းဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့သဖြင့် ကျောက်မဲနာရေးကူညီမှုအသင်းမှ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ပို့ခဲ့ကြောင်း သိရသည်။

.

“ဒီကလေးတွေက နာရေးကူညီမှုအသင်းကပါ။ ဆေးရုံမှာ ကုသနေဆဲပါ” ဟု ကျောက်မဲ ဇီဝိတဒါန လူမှုကူညီရေး အသင်းမှ ဦးတင်မောင်သိန်းက ပြောသည်။

.

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် ကျောက်မဲမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats